အတိတ်ကအဖြစ်အပျက်လေး
အတန်းထဲတွင် ဆရာမရောက်ရှိနေပြီး ကျောင်းသားတွေလဲဆုံနေလေပြီ။ အချိန် ၅ မိနစ်နောက်ကျခဲ့သည်။ အချိန်မှီအောင် မြေအောက်ရထားစီးခဲ့ပါသော်လည်းပဲ လမ်းတွင် အဖွားအို တယောက်ကို ကူညီခဲ့ ရသော ကြောင့် ဖြစ်သည်။ အဖွားအို သည် စက်ရပ်နေသော စက်လှေကား ထိပ်တွင် ရပ်ကာ ဆက်မဆင်း နိုင် သောကြောင့် ရပ်နေလေသည် မည်သူမှလဲ ကူညီပေးရန် ကမ်းလှမ်းမှုမလုပ်ကြ မိမိဇော နဲ့ မိမိ ပြေးလွှား နေကြသောကြောင့် အဖွားအိုကို သတိမမူကြပေ။ မနေနိုင်တာနဲ့ အဖွားအိုကို မေးမြန်းကာ ကူညီပေးခဲ့ သည်။
အတန်းထဲရောက်တော့ ဆရာမက နာမည်မေးသည်။ နာမည်လဲ ဖြေပြီးရော ဆရာမ က သူမရဲ့ စာရွက် ထဲ တချက်ကြည့်ပြီး ဗမာနိုင်ငံသားပဲ ဟု နုတ်မှရေရွတ် ပြီ တချက်လှမ်းကြည့်လေသည်။ ပြီးနောက် အတန်း သား များကို မိတ်ဆက် ခိုင်းသည်။ နောက်ထပ် မိမိ အကြောင်းနဲ့ မိမိ တိုင်းပြည် အကြောင်း အတန်းသား များကို ပြောပြပါ သည်။ ကျောင်းသား အတော်များများ ဗမာပြည်ကို မသိကြပါ။ စိတ်လဲ မ၀င်စား လေဟန် ရှိလေ သည်။ တချိန်တည်းမှာပင် အင်္ဂလိပ် လူမျိုး ဖြစ်သူ ဆရာမ က သူမရဲ့  ဖခင် သည် ဗမာပြည် အကြောင်း ခဏ ခဏ ပြောပြကြောင်း ပြောလေသည်။ ဆရာမက ဆက်ပြီး ဗမာပြည်မှာ အလွန်ကျော်ကြားသော အမျိုးသ မီး တယောက် ရှိကြောင်း၊ သူမ အကြောင်းပြောပြပေးပါ ဟု ဆရာမက တောင်းဆိုပါသည်။ ကျွှန်တော်ကလဲ ထို နိုဘယ်လ်ဆုရှင် မြန်မာ အမျိုးသမီး ဒေါ်စု အကြောင်း အားရ ဂုဏ်ယူ စွာ နိုင်ငံ အရပ်ရပ် က အတန်းသား များကို ပြောပြခဲ့ပါသည်။ ထိုသို့ ပြောပြပြီး နောက် ကျောင်းသားများ အားလုံး စိတ်ဝင်စား သွားကြကာ မေးခွန်းတွေ ၀ိုင်းမေးကြတော့လေသည်။ အတန်ကြာသော် ကျောင်းသားများ တိတ်ဆိတ် သွားချိန်တွင် ဆရာ မက ကျေးဇူးတင်စကားပြောပြီး လေးနက်သော စကားလေး တခွန်းပြောလိုက်တာကတော့.. ...
“ She is my Hero ”
Nice post. Why don't u install c box?
ReplyDeleteThank you, sis!! will be install soon, but i don't think can be post by Myanmar font as technical weakness. :(
ReplyDelete