Monday, 2 July 2007

WIMBLEDON 2007












Thursday, 21 June 2007

Just for Laugh

တကယ့်ပျော်ရွှင်မှု


အင်္ဂလိပ်တစ်ယောက်၊ ပြင်သစ်တစ်ယောက်နှင့် ရုရှလူမျိုးတစ်ယောက် တို့သည် ပျော်ရွှင်မှုဆိုသည်ကို ပြောဆိုဆွေးနွေးနေကြသည်။
ပထမဦးဆုံး အင်္ဂလိပ်လူမျိုးက ပျော်ရွှင်မှုဆိုသည်ကို သူ့အမြင်အား တင်ပြသည်။
‘တစ်နေကုန်အလုပ်ပင်ပန်းပြီး ပြန်လာတဲ့ အခါ အိမ်ခန်းထဲက မီးလင်းဖိုဘေးမှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်ရတာ တကယ်ပျော်ရွှင်ကြည်နူးစရာ ကောင်းတယ်ဗျာ ’
ထိုအခါ ပြင်သစ်လူမျိုးက
‘ခင်ဗျားတို့ အင်္ဂလိပ်တွေ ပြောသလို မဟုတ်ပါဘူးဗျာ၊ တကယ်ပျော်ရွှင်မှုဆိုတာ ကိစ္စတစ်ခုနဲ့ ခရီးသွားရင်း သိပ်ကိုချောတဲ့ လှပတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့ပြီး သူက ခင်ဗျားကို လမ်းတလျှောက်လုံး စိတ်ပျော်ရွှင် ကြည်နူးအောင်လုပ်ပေးမယ်ဗျာ၊ ပြီးတော့ သူနဲ့လမ်းခွဲကြတဲ့ အခါ ကျေကျေနပ်နပ်နဲ့ လမ်းခွဲလိုက်ကြတယ်ဗျာ၊ အဲဒါမှ တကယ့် ပျော်ရွှင်မှုဗျ’
ထို့နောက် ရုရှားလူမျိုးက သူ၏ ပျော်ရွှင်မှုကို အဓိပ္ပါယ် ဖွင့်လိုက်လေသည်။
‘တကယ်ပျော်ရွှင်မှုဆိုတာ ဒီလိုဗျ၊ ခင်ဗျား အိပ်ကောင်းနေတုန်း အချိန် မနက်လေးနာရီလောက်မှာ လျှို့ ဝှက်ရဲတွေက အခန်းတံခါးကို လာခေါက်ပြီး ဘိုင်တင်နိုဗစ်၊ ခင်ဗျားကို ကျွန်တော်ဖမ်းလိုက်ပြီလို့ ပြောတဲ့အခါ ခင်ဗျားက ၀မ်းနည်းပါတယ်၊ ဘိုင်တင်နိုဗစ် ဆိုတာ ဟိုဘက် အခန်းကပါလို့ ပြောလိုက်ရတာမှ တကယ့်ပျော်ရွှင်မှုဗျ’

..........................xxxxxxxxxxx...............................
ငါလည်း ရေတပ်ကပဲ
့
ကျွန်တော်နှင့် သူငယ်ချင်းတယောက်တို့သည် ရေတပ်မှ ထွက်ခဲ့ပြီးနောက် တက္ကသိုလ်တစ်ခုတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည်။ သို့နှင့် စာမေးပွဲဖြေဆိုသည့် အချိန် ရောက်ရှိလာရာ ရေတပ် မတော် တွင် အမှုထမ်းခဲ့စဉ်က လေ့လာခဲ့ရသော အချက်ပြဆက်သွယ်ရေးနည်းဖြင့် စာမေးပွဲ ဖြေဆိုရာ၌ တစ်ယောက်နှင့်တစ်ယောက် မဖြေနိုင်သော မေးခွန်းနံပါတ်ကို ခဲ့တံနှင့်ခေါက်၍ မေးကာ တစ်ယောက်က ခဲတံနှင့် ခေါက်၍ အဖြေကိုပြောပြသည်။ ဤနည်းဖြင့် စာမေးပွဲဖြေနေကြရာ အချိန်ကုန်ခါနီး၌ စာမေးပွဲ အခန်းစောင့် ဆရာက သူ့ခဲတံနှင့် စားပွဲကို ခေါက်၍ ပြောလိုက်သည်မှာ
‘ငါလဲ ရေတပ်ကထွက်လာတဲ့လူပဲ၊ မင်းတို့နှစ်ယောက် စလုံး စာမေးပွဲကျပြီသာ မှတ်ပေတော့’ ဟူသတည်း။


..........................xxxxxxxxxxx...............................
သူတို့ဥာဏ်ရည်များ
အဲဘတ်စ်အိုင်းစတိုင်း သည် ကောင်းကင်ဘုံသို့ ရောက်ရှိ သွားလေရာ အခြားလူလေး ယောက်နဲ့အတူ နေရန် အခန်း တခန်းရ ရှိလေသည်။ သို့နှင့် ထိုလူ ၄ ယောက်ကို အိုင်စတိုင်းက သူ့ကိုသူမိတ် ဆက်လေ သည်။
ထိုအခါ ပထမလူက ပြောလေ သည်။
“တွေ့ရတာ ၀မ်းသာပါတယ်၊ ကျွန်တော်ဥာဏ်ရည် တစ်ရာ့ရှစ်ဆယ် လောက် ရှိပါတယ်”
“ဟာ ကောင်းတာပေါ့၊ ဒါဆိုရင် ခင်ဗျားနဲ့ကျွန်တော် ကွင်တန် ရူပဗေဒ သဘောတရားတွေ ဆွေးနွေး လို့ရတာပေါ့”
“ကျွန်တော် က ဥာဏ်ရည် တစ်ရာ့ငါးဆယ် ကိုးတော့ ရှိပါတယ်”
“ဟုတ်လား၊ ဒီလိုဆို ခင်ဗျားနဲ့ ကျွန်တော် နောက်ဆုံး သချာင်္ အယူအဆ တွေ ဆွေးနွေးကြ မယ်”
တတိယ လူကလဲ ပြောပြသည်။
“ ကျွန်တော် ကတော့ ဥာဏ်ရည် တစ်ရာ့သုံးဆယ် နှစ်ပဲ ရှိတယ်”
“ ကောင်းပါတယ်၊ အနုပညာ သဘောတရားတွေ ခင်းဗျား နဲ့ ပြော ဆိုနိုင် တာပေါ့”
ထိုအုပ်စုထဲမှ နောက်ဆုံးလူ ကပြောလေ သည်။
“ ခင်းဗျားနဲ့ တွေ့ရတာ ဂုဏ်ယူပါတယ်ဗျာ၊ ကျွန်တော် ကတော့ ဥာဏ်ရည် ရှစ်ဆယ့်ငါး ပဲရှိတယ်ဗျ”
“သိပ်ဟုတ်ပြီ ဗျို့ ” ဆိုကာ အိုင်စတိုင်းက ထိုလူအား လက်ဆွဲ နှုတ်ဆက် လိုက်ပြီး ပြောလေသည်။
“ကျွန်တော် ကိုပြောပြ စမ်းပါ၊ ဘဏ်အတိုးနှုန်းတွေ ဘယ်မှာ ပိုရသလဲ ဆိုတာကို။”

..........................xxxxxxxxxxx...............................

ိ ကံကောင်းတဲ့ နံပါတ် ၅

ဖရန့်ဆိုသူက နံပါတ် ၅ သည် သူ့အတွက် ကံကောင်း သည့် ဂဏာန်းဟု ယုံကြည်ထားလေသည်။ မေလ ၅ ရက်နေ့ တွင် သူ့ကို မွေးပြီး သားသမီး များမှာ လဲ ၅ ယောက် ရှိသည်။ သူ့၏ နေရပ်လိပ်စာ မှာလဲ ၅၅ လမ်း၊ အရှေ့ ပိုင်း၊ အိမ်နံပါတ် ၅၅၅ ဖြစ်လေသည်။ သူ၏ ၅၅ နှစ်မြောက် မွေးနေ့ တွင် မြင်းပြိုင်ပွဲ သို့ ရောက် ရှိသွား ရာ ပွဲစဉ် ၅ တွင် ပြိုင်မည့် မြင်းတစ်ကောင် ၏ အမည်မှာ “ပဉ္စမ” ဟု တွေ့ရသဖြင့် ပြိုင်ပွဲ မစမှီ ၅ မိနစ် အလို တွင် နံပါတ် ၅ တံခါးပေါက် သို့သွား ၍ “ပဉ္စမ” အမည်ရှိမြင်းကို ဒေါ်လာ ငါးထောင် ပုံလောင်း လိုက်လေ သည်။
ပြိုင်ပွဲတွင် မြင်းများ ပန်းဝင်လာကြရာ “ပဉ္စမ” မြင်းမှာ နံပါတ် ၅ နေရာမှ ပန်းဝင် သွားလေသည်။

..........................xxxxxxxxxxxxx..........................

Tuesday, 19 June 2007

China Town








“ဗျို့ ...ဆရာကြီး တရုတ်မလေး ကို ငေးနေတာ လားဗျ” လို့ ကျွန်တော် မေးဖို့ အချိန် မရ လိုက် ပါ။ စီဘောက်စ် မှာ နိုင်းနိုင်းစနေ က တရုတ်တန်း က ပုံလေး တွေ ရှိရင် တင်ပေး ဖို့ ပြောဖူး ပါတယ်။ ဒါနဲ့ ဓါတ်ပုံ ပဲ သဲသဲ မဲမဲ ရိုက်တော့ အာရုံ က ရှုထောင့် ထဲပဲ ရောက်နေ့ခဲ့ ပါတယ်။ တကယ်တော့ နေ့တိုင်း နီးပါး တရုတ်တန်း ကို ရောက်ဖြစ် ပါ တယ်။ ကိုယ်တိုင် ချက်ရတာ ပျင်းတဲ့ ကျွန်တော့် အတွက် တရုတ်တန်း က မရှိမဖြစ် မိုး ဖြစ်လာ ပါတော့ တယ်။ ဒီပုံရိုက် တဲ့ နေ့က မိုးအုံ့ နေခဲ့ ပါတယ်။ (See Woo) ဆိုတဲ့ ဆိုင်က တော့ တရုတ်တန်း မှာ ရောင်းရ ဆုံး ကုန်စုံ ဆိုင်လေး ပါ။ အာရှသား တွေ အတွက် အလွန် အရေးပါတဲ့ ကုန်စုံ ဆိုင် လေးဆိုလည်း မမှား ပါ။ မလေး၊ထိုင်း၊ တရုတ်၊ ကိုးရီးယား၊ ဂျပန် စတဲ့ လူမျိုး တွေ အများဆုံး လာရောက် ၀ယ်ယူ ကြပါတယ်။ တရုတ်စားသောက် ဆိုင် တဆိုင် ကို ၀င်ကြည့် လိုက် မယ်ဆို ရင် အဖြူ၊ အမဲ၊ အ၀ါ အသားရောင် စုံ က နှစ်ခြိုက် စွာ စားသောက် နေတာ ကို တွေ့ ရပါမယ်။ ဒီကနေ့ တရုတ်အိတ်ဆွဲ ( Chinese Takeaway) ဟာ ကမ္ဘာ မှာ လူကြိုက် အများ ဆုံး အစားအစာ ဖြစ်နေပါပြီ....ခင်ဗျာ။

Thursday, 14 June 2007

Art Country













အနုပညာ နဲ့ ပတ်သက်လျှင်ကြံကြံ ဖန်ဖန် တွေးခေါ် လုပ်ဆောင် တတ်သော အင်္ဂလန်သည် လုပ်ချ လိုက်ပြန်ပါ ပြီ။ မြို့ လယ်ခေါင် အဆောက်အဦး အမြင့် များပေါ်တွင် ရုပ်တု တွေ ထောင် ထားသည် မှာ သိပ်မကြာသေးပါ။ အနုပညာ သက်သက် ဖန်တီးထား ခြင်းသာ ဖြစ်သည် ဟု ဆိုပါသည်။ ဓါတ်ပုံ တွေမှာ သေချာ ကြည့်ပါ အဆောက်အဦး ပေါ်မှာ လူရုပ်တု တွေ တွေ့မြင်ရပါ မည်။ လမ်းပေါ်က ရုပ်တု တွေ ကတော့ လူတွေ ကိုယ်တိုင် သရုပ်ဆောင်ထား ခြင်းသာဖြစ်ပါတယ်။ ချားရဟတ် (London Eye) ပေါ်က တော့ ကနေ့ ရုပ်ရှင်ရုံတင် ထားသော Fantastic Four: Rise of the Sliver surfer ဇတ်ကားမှ Silver Surfer ဖြစ်ပါတယ်။ အလေးချိန်(၂)တန် ရှိသော ထိုအရုပ်ကို PVC ကုပ္မဏီ ပြုလုပ်ထားပြီး (၆) ရက်ကြာ အောင် တပ်ဆင်ခဲ့ ရပါတယ်။ ဒါဟာ ပထမဆုံး အကြိမ် လန်ဒန်အိုင်း ပေါ် ချိတ်ဆွဲ ပြသခွင့် ရခြင်းလဲ ဖြစ်ပါတယ်..ခင်ဗျာ။