Wednesday 9 May 2007

The Original Tour




































ဒီကနေ့ အောလက်စ်ဆာ နဲ့အတူ မူလပထမ ခရီးသွားလုပ်ငန်းပိုင် နှစ်ထပ် ဘတ်စ်ကား နဲ့ ၃ နာရီကြာ လန်ဒန်မြို့ အထင်ကရ နေရာများကို လှည့်ပတ်ကြည့်ရှုရင်း ဓါတ်ပုံ တွေ ရိုက်ခဲ့ပါသည်။ အောလက်စ်ဆာ သည် အမေရိကန် မှပြောင်းလာသော ဥရောပသူလေး ဖြစ်သည်။ လန်ဒန် မြို့အကြောင်း သူမ သိအောင် လိုက်ပြပေးရန် ဒေးဗစ်မော်တန် က ကျွန်တော်အား အကူအညီ တောင်းသောကြောင့် ပို့ပေးခဲ့ခြင်းဖြစ်သည်။ ဘတ်စ်ကား လက်မှတ် (၂)ဆောင်ကို ဒေးဗစ် ကပဲ ပေးပါသည်။ လက်မှတ်(၁)ဆောင် (၁၉)ပေါင်ကျ သည်။ မိုးအုပ် ယုံသာမက လေပါတိုက် သောကြောင့် ချမ်းစိမ့်စိမ့် ကလေးဖြစ်နေသည်။ သို့သော် ကျွန်တော် သည် အနွေးထည် နှစ်ထပ် ၀တ်ထားသည်။ ဘေကာလမ်း ဘူတာရှေ့ က ဂိတ်ကနေ(၀၉း၃၀)နာရီ မှာ စတင်ပြီး (၁၂း၃၀)နာရီ ထိုဂိတ်မှာပဲ အဆုံးသတ်ပါသည်။ ပြီးနောက် ကျွန်တော်က ကျောင်းဘက် ခြေဦးလှည့်သည်။ သူမက အလုပ် ကို ခြေဦးလှည့်သည်။ အော်လက်စ်ဆာ သည် Front Office မှာ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် အသစ်လေး ဖြစ်ပါတော့သည်။








No comments: