Monday 12 November 2007

ဦးလေးတင်အေးထံပေးစာ

ဦးလေးရေ နေကောင်းပါရဲ့ လား။ အကြိမ်ကြမ် နောက်ကျတတ်တဲ့ ကျနော်ပါ။ ဒီတခါလဲ နောက်ကျပြန်ပြီနော်။ ကျနော် ဟာ ဦးလေး လက်အောက်မှာကြီးပြင်းလာတော့ ဦးလေး ရဲ့  အတွေးအခေါ် တချို့ ပိုင်ဆိုင်ထားခဲ့တယ်။ ကြိုမြင်တတ်တာ၊ ခေါင်းမာတာတို့ပေါ့။ မှတ်မှတ်ရရ ဦးလေးဆီက ရခဲ့တဲ့ အောင်မြင်ခြင်းရဲ့  လှို့ဝှက်ချက် စာအုပ်လေးက ကျနော် ဘ၀ ခရီးလမ်းတွေကို အထောက်အကူ ပေးခဲ့တယ်ဗျာ။ ဦးလေးရေ ကျနော် အရွှယ်လဲရောက်လာရော ဦးလေးနဲ့  အကြောင်းအရာမျိုးစုံ ပြောဆိုဆွေးနွေးတော့ ဦးလေးက မင်းမဆိုးဘူးကွ လို့ ပြောခဲ့တယ်။ လူဆိုတာ တနေ့သေရမှာပဲကွ မသေခင်တော့ တရားများများထိုင်ရမယ်ကွ လို့ ဦးလေးပြောခဲ့တယ်။ တကိုယ်တော်တည်း နေတဲ့ ဦးလေး ကို အသက်အရွှယ်လေးရောက်လာရင် အိမ်မှာပဲ နေဖို့ အမေ့ ကိုမှာထားပါတယ်။ ကျနော် အလည်ပြန်လာရင် ဦးလေးနဲ့  စကားတွေ ပြောမယ်လို့ စိတ်ကူးပြီးသားပါ။ အသက် ၆၇ နှစ် ရှိပြီနော်။ ကျန်းမာရေးဂရုစိုက်ပါအုံးလို့ ကျနော် ဦးလေးကို မမှာချင်ပါဘူး။ ဘာလို့လဲဆိုတော့ ဦးလေး က လမ်းအလွန်လျှောက်တဲ့သူလေ။ မန်းလေးအိမ်ကိုရောက်ရင် ဦးလေးက စက်ဘီးပဲစီးတယ်နော်။ ကျန်းမားရေးနဲ့  ညီညွှတ်အောင်တဲ့။ အပေးအကမ်း သိပ်မရက်ရောတဲ့ ဦးလေး အလှူအတန်းလေး လုပ်တယ်ကြားတော့ သာဓုခေါ်မိတာ တူလေးပါ။ ဦးလေးဆုံးပြီလို့ ညီမလေးကပြောတော့။ ကျနော်ဘက်က အသံတိတ်သွားလိုက်တာ အတော်ကြာသွားလို့ ညီမလေးက ကိုကို ဘာဖြစ်သွားလဲမသိဘူးလို့ အိမ်သားတွေကိုလှမ်းပြောတယ်။ တကယ်တော့ ကျနော်မငိုပါဘူး။ ယောကျာင်္ဆိုတာ ဘယ်တော့မှ မငိုရဘူးတဲ့ ဦးလေးပြောခဲ့တယ်လေ။ တကယ်တော့ ကျတော် စကားဆက်ပြောလို့မရခဲ့လို့ တမိနစ်လောက်ငြိမ်သွားတာပါ။ ဖုံးဆက်ပြောရင် ကျတော် အသံတွေ ကိုကြားပြီး ကိုကို ငိုနေတယ်လို့ ပြောလိုက်ရင် ဦးလေးကြားမှာ စိုးလို့ပါဗျာ။ ကျနော် ဦးလေး က မင်းယောကျာင်္ မဟုတ်ဘူးလား လို့ပြောမှာ မလိုလားဘူး။ ဦးလေး က လွန်ခဲ့တဲ့ တနှစ်လောက်ကတည်းက ကြိုတင်ပြင်ဆင်ခဲ့တယ်ဆို။ တရားတွေ အတော် မှတ်ခဲ့တယ်တဲ့ ညီမလေးကပြောတယ်။ တကယ်တော့ ဦးလေးက ကျတော်တို့ ထက်သာလွန်တဲ့ နေရာရောက် သွားတာပါ။ ဦးလေး က အမေ၊ အဒေါ်လေးနဲ့  ညီမလေး တို့ကိုကျတော့ အလွန်မွေးပျံ့ တဲ့ ရနံ့  လက်ဆောင်တွေ ပေးခဲ့ပြီး ကျတော့ ကိုတော့ ဘာလက်ဆောင်မှ မပေးဘူးနော်။ ကျနော် နောက်တာပါဗျာ ဦးလေးရဲ့ စကားတွေက ကျနော် အတွက် လက်ဆောင်တွေပဲပေါ့။ ကျတော် အချိန်သိပ်မရှိတော့ဘူး ဦးလေးရေ။ ဦးလေးနဲ့  ကျတော် ငြိမ်းချမ်းသော ရပ်ဝန်း တခုမှာ လမ်းတွေ လျှောက်ရင်း စကားတွေပြော အုံးမှာပါဗျ။

တူတော်မောင်

No comments: