Tuesday 18 December 2007

ဖဘီအို သို့ သတိပေးခြင်း




မိတ်ဆွေကြီး ဖဘီအို ရေ..

တိုက်ပွဲအတွက်ပြင်ဆင်ပါ

မကြာမီ ခင်ဗျားဟာ တိုက်ပွဲဝင်ရတော့မယ်။ ခင်ဗျားဘ၀ အခြေအနေ ပြောင်းတော့မယ် ဆိုတာ ခင်ဗျားသိမနေဘူး။ ဒီတိုင်းပြည်ဟာ ခင်ဗျားနဲ့ ဂေါ်ဒန်ဘရောင်း တို့ နေရာဟာ ခက်ခဲကြမ်းတမ်းတဲ့ နေရာတွေပဲ။ ခင်ဗျား အပေါ်ကျရောက် လာမယ့် အလင်းပြောက် ဟာ တင်းမာမှုတွေ၊ ခွင့်မလွတ်မှုတွေ ပါလာပါလိမ့်မယ်။ ခင်ဗျား ဘ၀မှာ လုပ်ခဲ့ သမျှတွေ အားလုံး သတင်းစာ ပေါ်ရောက်ရှိလာပါတော့မယ်။ ပွဲတိုင်းသာ မနိုင်ခဲ့ ဘူးဆိုရင် ခင်ဗျားဟာ နိုင်ငံမှာ အကျော်ကြားဆုံး လူလိမ် တယောက် ဖြစ်လာပါလိမ့်မယ်။ မနိုင်နိုင်ဘူး။ ဗြိတိန် လူထုက ခင်ဗျားရဲ့  တင်ပြမှုကို လက်ခံနိုင်ဖို့ အခွင့်အရေးအလွန်နည်းပါတယ်။ ခင်ဗျား မိသားစု တွေကို ပြောပြလိုက်ပါဗျာ။ ခင်ဗျား ဘယ်ဆီကိုလှမ်းနေပြီဆိုတာပေါ့ဗျာ။ ခင်ဗျား အင်္ဂလန်မန်နေအလုပ်ကို လက်ခံချင်တုန်းလားဗျ။ သေချာပြီနော်။

ဆဗင် ကိုဖုံးခေါ်ပါ
ခင်ဗျား ဘာတွေဖြစ်လာမယ်ဆိုတာ ကို တပ်အပ် သိနေတဲ့ သူကတော့ ဆဗင် ဂေါ်ရန် အဲရစ်ဆင် ပေါ့ဗျာ။ သူနဲ့ နေ့လည်စာ စားရင်း ဘာတွေကို သတိထားရမယ်ဆိုတာ မေးကြည့်လိုက်ပါဗျာ။ အင်္ဂလိပ် မီဒီယာတွေ ဘယ်လိုလုပ်လဲ ဆိုတာ သိသင့်တယ်လေ။ သူက ခင်းဗျားကို ပြောပြပါ လိမ့်မယ် ဘောလုံးအဖွဲ့ ချုပ်က ဘယ်လိုမျိုး ဒုက္ခပေးခဲ့တယ် ဆိုတာကိုပေါ့။ ဒါမှ မဟုတ် နောက်တနည်းက။ သူကို ဖုံးနဲ့ ပဲ စကားပြောလိုက်ပါဗျာ။ ခင်းဗျားက ဆဗင်နဲ့ နေ့လည်စာ စားနေတဲ့ ပုံကြီး သတင်းစာ တွေပေါ်ရောက်လာမှာ မလိုလားဘူးမဟုတ်လား။

အင်္ဂလိပ်စာ မသင်ပါနဲ့
အင်္ဂလိပ်လို ကျွမ်းကျင် တတ်မြောက် လာခဲ့ရင် ခင်ဗျားအတွက် တွေ့ဆုံးမေးမြန်းပွဲ တွေက ပြဿနာ အဖြစ်ပြောင်းလဲ လာနိုင်တယ်လေ။ အီတလီ နဲ့ စပိန် စကားပဲ ဖိပြောဗျာ။ ခင်ဗျား ၀ယ်မယ်ဆို ၀ယ်သင့်တာက မိမိကိုမိမိ အင်္ဂလိပ် လိုသင်ကြားခြင်း စာအုပ်ပဲလေ။ တော်ကြာ ပွဲထွက်ထွက်ခြင်း အဆိုးနဲ့ကြုံ ခဲ့ရင် ပြောနိုင်အောင်ပေါ့ဗျာ။

ကိုယ်နောက်ကိုပြန်ကြည့်ပါ
ဘောလုံးအဖွဲ့ ချုပ် က သူတို့ ကိုသူတို့ တွင်းထဲက ကယ်ထုတ်ဖို့ ခင်ဗျားကို ခန့်လိုက်တာဗျ။ သူတို့က အကောင်းဆုံးဆိုတဲ့ နည်းပြကို အမြန်ဆုံး လိုချင်နေတာဗျ။ ဒါကလဲ သူတို့ကို လူတွေက အဆိုးတွေ ပြောခြင်းက လွတ်မြောက်အောင်လို့ပေါ့ဗျာ။ သူတို့က အလွန်စိတ်ညစ်နေကြရတယ်လေ။ သူတို့ ဆီကို ရောက်လာမယ် ပြဿနာကို ခင်ဗျားနဲ့ အစားထိုးလိုက်တာပဲ။ ခင်းဗျား ဟာ လောင်းကြေးကြီးကြီး နဲ့ ကစားခြင်း ခံနေရတဲ့ ပွန် တကောင် ဆိုတာ လက်ခံလိုက်ပါ။ ဖက်အေ(အဖွဲ့ချုပ်) ကတော့ ခင်ဗျားကို ကျင်းထဲ က ဆွဲထုတ်ပေးမှာ မဟုတ်ဘူး။ သူတို့ကိုမေးကြည့်လေ။ ဖာရီရာ အလန်၊ ဥရီကာ ဂျွန်ဆင် ဒါမှမဟုတ် မတ်ပဲလီအို တို့ အကြောင်း သူတို့ ကိုမေးကြည့် လိုက်ပါ။ သူတို့က ခင်းဗျားကို ချိတ်ဆွဲပြီး နေလှန်းထားလိမ့်မယ်။

စားသောက်ပွဲလုပ်ပါ
ဖြစ်နိုင်ရင် သတင်းလောကသားတွေနဲ့ အမြန်ဆုံး ရင်းနှီးကျွမ်းဝင်မှု ရှိအောင်လုပ်ပါ။ ဒါဆို ခင်ဗျား အကောင်းဆုံး သတင်းခေါင်းစဉ်တွေ ရေးဖို့ အာမခံ နိုင်မလား ဆိုတော့။ အင်း မခံနိုင်ဘူးဗျ။ ဒါကတော့ ခင်ဗျား ရဲ့  ပျားရည်ဆမ်းခရီး ပြီးရင်တော့ အနည်းအကျင်းတော့ လွတ်မြောက်နိုင်တဲ့ အခွင့်အရေး လေးရှိတာပေါ့ဗျာ။

အောက်ခြေအဆင့်မှာပဲ နေပါ
ဆန် လိုရန်ဇို ကိုမသွားနဲ့။ အိမ်မှာပဲ စားပါ။ ခင်ဗျားသွားချင်ရင် အနုပညာ ပြတိုက် ကိုသွားဗျာ။ ဒါပေမယ် အင်္ဂလန် ရှုံးတဲ့ နေ့တော့ မသွားမိစေနဲ့။ ခင်ဗျား ဟာ လူမသိသူမသိလေး နေသွားရင်တော့ရပါတယ်။ လန်ဒန်မှာပေါ့ဗျာ။

တခုခုတော့ပြန်ပေးပါ
ကျုပ် စတီဗင် မက်ကလာရင် ကိုပြောဘူးတယ်လေ။ အင်္ဂလိပ်ဘောလုံးလောက ကို အပြုံးလေးတော့ တပ်ထားခဲ့ပေးပါလို့။ ကူညီတဲ့ အနေနဲ့ပေါ့ဗျာ။ ဘောလုံးလောက က အရာရာ ငွေပဲလေ။ အကယ်ရွှေ့  ခင်ဗျား က အဖွဲ့ တခုကို တခုခု ပြန်ပေးနိုင်ခဲ့ရင် အဲဒီအဖွဲ့ က ခင်ဗျား ကို ၂ ဆ ပြန်လည် ပေးမှာ မလွဲပါဘူးဗျာ။ ခင်ဗျား လုပ်ဆောင်ချက်တွေ ထိရောက်ခဲ့ရင်ပေါ့။

သတင်းစာ မဖတ်ပါနဲ့
အင်္ဂလိပ် ဂျာနယ်လစ် တွေက ခင်ဗျား ပုဂ္ဂိုလ် ရေးရာတွေ ကို ဆွဲထုတ်ရေးသားကြလိမ့်မယ်။ သတင်းစာတွေက ခင်ဗျားနဲ့ ပတ်သတ်တဲ့ အကြောင်းတွေကိုရေးတဲ့ စာကြည့်တိုက်တခု တည်ဆောက်ကြလိမ့်မယ်။ ကောင်းတာရော၊ ဆိုးတာရော၊မခွဲခြားဘူး။ ခင်ဗျားမကောင်းတာ တချက်လုပ်မိလို့ကတော့။ သူတို့ ကညှာမှာ မဟုတ်ဘူးနော်။ အင်္ဂလန်သာ ယူရို၂၀၀၈ ကစားနေဆဲ ဆိုရင်၊ သတင်းစာ အယ်ဒီတာတွေ က ပုံပြင်ဟောင်းလေးတွေပဲ ဆက်ရေးနေမှာလေ။ သူတို့က လှေကို အတင်းလှော်ချင်တာ မဟုတ်ဘူးလေ။ ဘာဘဲပြောပြော မက်ကလာရင် ကို ကျေးဇူးတင်တယ်ဗျာ။ ခင်ဗျား အံ့သြထိန့်လန့်စရာ ကြုံရတော့မယ်လေ။ ဘောလုံးရာသီရဲ့  အစလည်း ဖြစ်နေပြီလေ။

ကိုယ့်ကိုကိုယ် ပိုင်ပါစေ
ခင်ဗျား မလုပ်ချင်တဲ့ဟာ ကို မလုပ်မိပါစေနဲ့။ အဖွဲ့ချုပ်က ခိုင်းတာကို မလုပ်မိပါစေနဲ့။ ခင်ဗျား ရဲ့  ဂုဏ်သတင်းကျော်ဇော ခဲ့ခြင်းက ခင်ဗျား ဦးဆောင်နိုင်တယ်ဆိုတာပဲလေ။ ခင်ဗျားနည်းလမ်း အတိုင်းသွားပါ။ သူတို့တွေ က အဖျက်လုပ်ခဲ့ရင်တောင်။ ခင်ဗျား က ကိုယ့်အရည်အချင်းကိုယ် အမှန်သိမြင်နိုင်တာပေါ့ဗျာ။

ကျဆုံးဖို ပြင်ဆင်ပါ
ခင်ဗျား က ဘာမှ မဖြစ်သလို ဖုံးထားတယ်။ အင်္ဂလန်က အသုံးမကျဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလန် ဘောလုံးသမားတွေ က အဆင့်မြင့် အသင်းတွေကို ယှဉ်ကန် လို့ မရသေးလို့ပဲ။

ရှောင်း၊ မက်စ်

(စာကြွင်း။ ။ အင်္ဂလန် သတင်းစာ တခုမှ ဘာသာ ပြန်ဆိုပါသည်။ ဘောလုံးနဲ့ ပတ်သက်လာလျင် သဲသဲမဲမဲ ဖြစ်ကြသော အင်္ဂလန်တွင် အမျိုးသားအသင်းကို ကိုင်တွယ်ရသော နည်းပြ များအဖို့ သတင်းစာ ဆရာများရဲ့  ထိုးနှက် ရေးသားမှု တွေ က ပင် စိတ်ဓါတ်ရေးရာ ကို ကျဆင်းစေပါသည်။ အလွန်တော်သော အဲရစ်ဆင် ပင် မခံနိုင်ပါ။ အင်္ဂလန် ဘောလုံးအသင်း ကျရှုံး ရခြင်းသည် အားကစား သတင်းရေး ဆရာများ ရဲ့  လက်ချက်လဲပါသည်ဟုကျနော်မြင်ပါသည်။ )



No comments: