Thursday 10 May 2007

Part II






















Wednesday 9 May 2007

The Original Tour




































ဒီကနေ့ အောလက်စ်ဆာ နဲ့အတူ မူလပထမ ခရီးသွားလုပ်ငန်းပိုင် နှစ်ထပ် ဘတ်စ်ကား နဲ့ ၃ နာရီကြာ လန်ဒန်မြို့ အထင်ကရ နေရာများကို လှည့်ပတ်ကြည့်ရှုရင်း ဓါတ်ပုံ တွေ ရိုက်ခဲ့ပါသည်။ အောလက်စ်ဆာ သည် အမေရိကန် မှပြောင်းလာသော ဥရောပသူလေး ဖြစ်သည်။ လန်ဒန် မြို့အကြောင်း သူမ သိအောင် လိုက်ပြပေးရန် ဒေးဗစ်မော်တန် က ကျွန်တော်အား အကူအညီ တောင်းသောကြောင့် ပို့ပေးခဲ့ခြင်းဖြစ်သည်။ ဘတ်စ်ကား လက်မှတ် (၂)ဆောင်ကို ဒေးဗစ် ကပဲ ပေးပါသည်။ လက်မှတ်(၁)ဆောင် (၁၉)ပေါင်ကျ သည်။ မိုးအုပ် ယုံသာမက လေပါတိုက် သောကြောင့် ချမ်းစိမ့်စိမ့် ကလေးဖြစ်နေသည်။ သို့သော် ကျွန်တော် သည် အနွေးထည် နှစ်ထပ် ၀တ်ထားသည်။ ဘေကာလမ်း ဘူတာရှေ့ က ဂိတ်ကနေ(၀၉း၃၀)နာရီ မှာ စတင်ပြီး (၁၂း၃၀)နာရီ ထိုဂိတ်မှာပဲ အဆုံးသတ်ပါသည်။ ပြီးနောက် ကျွန်တော်က ကျောင်းဘက် ခြေဦးလှည့်သည်။ သူမက အလုပ် ကို ခြေဦးလှည့်သည်။ အော်လက်စ်ဆာ သည် Front Office မှာ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် အသစ်လေး ဖြစ်ပါတော့သည်။








Tuesday 8 May 2007

Liverpool Street Station




















ကျွန်တော် ဖြတ်သန်းသွားလာရသော ဘူတာရုံများတွင် လီဘာပူး လမ်းမှ ဘူတာလေးလဲ အပါအ၀င် ဖြစ်သည်။ နှစ်စဉ် ခရီးသည်ပေါင်း (၁၂၃) သန်း ဖြတ်သန်း သွားလာ သည့် ဤ ဘူတာ ရုံလေး ကို (၁၈၇၄) ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့သည်။ (7/7/2005) တုန်းက (၆) နေရာ ဘုံး ပေါက် ကွဲခဲ့ ရာတွင် ဤ ဘူတာလဲ အပါအ၀င် ဖြစ်ခဲ့သည်။ ယခုအခါတွင် လုံခြုံရေး အခြေအနေ က (Green Light) အခြေအနေ မှာ ရှိနေပါသည်။ နယ်မြို့ များမှ ကျောင်းသားများသည် သောကြာနေ့ ည နေတွင် ဤဘူတာ ရုံလေး သို့ ဆိုက်ရောက်လာကာ စနေ၊တနင်္ဂနွေ ရက်တွင် လန်ဒန် မြို့မှာ လျှောက်လည် ကြပြီး၊ တနေင်္ဂနွေ နေ့ ညနေ မှာတော့ ဤဘူတာရုံ (Liverpool Street Station) လေးသို့ ပြန်ရောက် လာကာ မိမိ တို့ ကျောင်းများ ရှိရာ မြို့လေး များဆီ သို့ ပြန်ကြလေ သည်။ မိမိတို့ လိုက်ပါ စီးနင်း မည့် ရထားများ မထွက်ခွာ မည် အလွမ်း သယ် ကာ မျက်ရည်များ နဲ့ အနမ်းတွေ ဝေ ကာ နုတ်ဆက်နေကြတဲ့ နိုင်ငံ တကာ မှကျောင်းသား စုံတွဲ မြင်ကွင်း တွေ က Liverpool Street Station လေးအတွက် ခေတ် အဆက်ဆက် ဖြစ်ပေါ် တည်ရှိ နေသော ဖြစ်စဉ် ကလေးပင် မဟုတ်ပါလား။

Saturday 5 May 2007

British Museum














































လွန်ခဲ့တဲ့ (၂) ရက်လောက်က British Museum ကို သူငယ်ချင်း တယောက် နဲ့သွားရောက် ကြည့်ရှုခဲ့စဉ် ဓါတ်ပုံ ရိုက်ခဲ့တာပါ။ အပေါ်ဆုံးက ပုံကတော့ ပြတိုက်တွင်းမှာ ပြသထားသော မြန်မာတို့ရဲ့ ရှေးဟောင်း အနုပညာ လက်ရာလေးပါ။ ယနေ့ အင်္ဂလန် ဟာ ဥရောပ ခရီးသွား တွေနဲ့ ပြည့်ညပ်လျက် ရှိပါတယ်။ လွန်ခဲ့တဲ့ (၂)နှစ်လောက် ကဆို Bus တွေပေါ်မှာ နေရာရဖို့ စိတ်မပူ ရပါဘူး ထိုင်ခုံ အလွတ်တွေ ဟာ အဆင့်သင့် ရှိနေတတ်ပါတယ်။ ယနေ့ အင်္ဂလန် ဟာ ရုံးချိန်တွေမှာဆို ရထားပေါ် ၊ ကားပေါ် တွေမှာ မတ်တတ်တွေ ရပ်နေ ရပါပြီ။