Saturday, 17 November 2007

ံ BSO-UK

လောလောဆယ်ကပင် ကျင်းပခဲ့ပြီးခဲ့တဲ့ ဗြိတိန်ဗမာကျောင်းသားများအဖွဲ့ ဖွဲ့စည်းကြောင်း အခန်းအနားကို တက်ရောက်ခဲ့ပါတယ်။ အဖွဲ့ရဲ့  ရည်ရွှယ်ချက်က ရှင်းရှင်းလေးပင်။ ဗြိတိန်ကို ရောက်လာသော ကျောင်းသူကျောင်းသားများအရေးကို တက်စွမ်းသမျှ ကူညီးရေး။ အာဆီယံ နိုင်ငံများ အနေဖြင့် ကျောင်းသား သမဂ္ဂများရှိပြီး မြန်မာနိုင်ငံ အနေနဲ့  မရှိသေးတဲ့ အတွက် ဖွဲ့ စည်းရခြင်းဖြစ်သည်။

တကယ်တော့ အင်္ဂလန်မှာ ဒီလိုအဖွဲ့  မျိုးလိုအပ်နေပါသည်။ ကရင်တိုင်း၇င်းသားများအဖွဲ့ ၊ ကချင်တိုင်းရင်းသားများအဖွဲ့  ၊ ခရစ်ယာဉ်အဖွဲ့ များ ရှိပြီး ဖြစ်ပါသည်။ ယခုလို ဗြိတိန် ရောက် မြန်မာ ကျောင်းသားများအတွက် အကူအညီပေး နိုင်ရေးအဖွဲ့  လိုအပ်သည် ကတော့ အမှန်ပင်။

္ကဤအဖွဲ့ အနေဖြင့် ကျောင်းသားများ ဘဏ်စာရင်းဖွင့်နိုင်ရန်၊ ပညာရေးအတွက် ကျောင်းရွှေးချယ်ရေး၊ အိမ်ခန်းရှာဖွေရေး၊ ပြဿနာများကို ယခုကျောင်းသားများ အဖွဲ့ မှ ၀ိုင်းဝန်းဖြေရှင်းပေးမည်၊ နောက်ဆုံး အခက်အခဲ့ ရှိခဲ့သော် ကျောင်းသားအချင်းချင်း ကူညီ နိုင်မည့် အဖွဲ့  ဖြစ်သည်။

လူငယ်ကျောင်းသားများဖြင့်သာ ဖွဲ့ စည်းထားသောကြောင့် ချက်ချင်းကြီး အကောင်းဆုံး ဆိုသည် အရာ ကို လိုချင်လို့ တော့ မဖြစ်နိုင်ပါ။ မလှမ်းတာထက် ခြေတလှမ်း လှမ်းလိုက်ခြင်းက ခရီးတွင်လှပေသည်။

ဒီနေရာမှာ ကျတော် တခုပြောချင်ပါသည် ၈၈ ခုနောက် ပိုင်းမှ ကျောင်းသားကြီးတွေ ဖြစ်လာရသောကြောင့် အစိုးရ၏ မျက်စိပိတ် နားပိတ် အကြားအမြင် ပိတ် ပညာရေး လက်ထက်တွင် ကြီးပြင်းခဲ့ကြရလေသည်။ ဆိုလိုတာက ကျောင်းသားတွေ ဟာ တဦးကိုတဦး နုတ်ဆက်ဖို့၊ စကားလက်ဆုံ ကျဖို့ စတာတွေ မှာ အလွန်ပင် နှေးနေတတ်ပါသည်။ ဒါတောင် ဗြိတိန်က ကျောင်းတွေ က ယဉ်ကျေးမှု စနစ်တွေ ကြောင့် အလွန်တော့ မဆိုးဝါးသွားခဲ့ပါ။

ဤအဖွဲ့  ကို ဖွဲ့ စည်းပြီးကြောင်း ကြေငြာပြီးနောက် မေးခွန်းတွေ မေးမြန်းရန် အချိန် အနည်းငယ်ပေးခဲ့ပါသည်။ လူတယောက်က စ၍ Burmese ဆိုသည့် အသုံးအနှုန်းကြောင့် အဖွဲ့  မ၀င်လိုသည့် လူ များရှိနေကြောင်း၊ ပြောင်းလဲ နိုင်မည်လားဟု မေးလာပါသည်။ အဖွဲ့ ဝင်ကျောင်းသားလေးတွေကလဲ ကြည့်ကျက်ဖြေလိုက်ပါတယ်။ ဒါဟာ အဖွဲ့ ဝင်အားလုံး လက်ခံပြီးဖြစ်တယ်လို့။

နောက်တယောက်ကတော့..ဒီအဖွဲ့ ကိုဝင်ရင် မြန်မာပြည်က အစိုးရကို အဖွဲ့ဝင်စာရင်းတွေပေးမှာလားဟု မေး၏။ မပေးပါဟု အဖွဲ့ ဝင်တွေ ကပြောပါတယ်။

ဒီနေရာမှာ နည်းနည်းရှင်းပြပါရစေ..အာဆီယံက အခြားနိုင်ငံ အတော်များများမှာ ဗြိတိန်ရောက် ကျောင်းသားအဖွဲ့ အစည်းများ ရှိပြီး..မြန်မာ အနေနဲ့  မရှိသေးပါ။ ထိုသို့ ဖွဲ့ စည်းရန် သက်ဆိုင်နိုင်ငံ၏ အစိုးရ လက်ခံမှရပါတယ်။ ဆိုတော့ကာ ဤအဖွဲ့  အနေနဲ့  အာဆီယံကျောင်းသားသမဂ္ဂ ကိုဝင်ရောက်ချင်ရင် စစ်အစိုးရ ရဲ့  လက်မှတ်လိုအပ်နေပါတယ်။ ဒါပေမယ့် ဒီအဖွဲ့ ဟာ အစိုးရက ချုပ်ချယ် ကိုင်တွယ်ခံရမယ် အဖွဲ့  မဖြစ်ဖို့ က ၁၀၀ % သေချာပါတယ်။ ကျတော်ရဲ့  စိတ်ဓါတ်မျိုး ရှိတဲ့ ကျောင်းသားတွေပါ။

အချုပ်အနေနဲ့ ပြောရ ရင် ဗြိတိန်မှာ အဖွဲ့ သစ်တဖွဲ့  ပေါ်ပေါက်လာ ပါပြီ။ ကြိုဆိုပါရပါမည်။ လက်ရှိ ကျတော် တို့ နိုင်ငံမှာ အဖွဲ့  တွေ ဖွဲ့ ဖို့ မဆိုနဲ့  လူ ၇ ယောက်လောက်ပင် ဖွဲ့ဖို့ ခက်နေသေး၏ ။ အခုလို နိုင်ငံရပ်ခြားတွင် လာရောက် ၍ ဖွဲ့ စည်းပြလိုက် တာက စစ်အစိုးရ ကို ခင်းဗျားတို့ လက်အောက်မှာ မို့ပေါ့ဗျာ၊ တွေ့လား ကျုပ်တို့ ဒါတွေ လုပ်နိုင်ပါတယ်ဗျ..ဟု ပြလိုက်လေပြီ။


Tuesday, 13 November 2007

BSO- UK

The First Public Meeting

Burmese Student Organisation - UK


16th November 2007 (Friday)

7:00pm - 9:00pm



The Burmese Students Organisation shall be a non-profit Organisation representing all overseas Burmese Students independent of any party political organization.


What is BSO?
Who are we?
The role of Setup Committee!
Do BSO really need about our burmese community?
What are they planning?
What is all about?


Please find out more at the meeting and join with us at:


Date : 16th Nov 2007 (Friday)

Time : 7:00pm - 9:00pm

Venue : The Anatomy Lecture Theatre

Hodgkin Building

Guy's Campus

King's College

London

SE1 9RT

Nearest Station : London Bridge Tube Station

Wordpress : http://bscsc.wordpress.com

MyanmarMp3 : http://www.myanmarmp3.net/readnews.aspx?NewsID=200

Facebook : http://www.facebook.com/group.php?gid=2253104492

See attachment for pamphlet.


Setup Committee
Burmese Student Organisation
London, UK

Monday, 12 November 2007

ဦးလေးတင်အေးထံပေးစာ

ဦးလေးရေ နေကောင်းပါရဲ့ လား။ အကြိမ်ကြမ် နောက်ကျတတ်တဲ့ ကျနော်ပါ။ ဒီတခါလဲ နောက်ကျပြန်ပြီနော်။ ကျနော် ဟာ ဦးလေး လက်အောက်မှာကြီးပြင်းလာတော့ ဦးလေး ရဲ့  အတွေးအခေါ် တချို့ ပိုင်ဆိုင်ထားခဲ့တယ်။ ကြိုမြင်တတ်တာ၊ ခေါင်းမာတာတို့ပေါ့။ မှတ်မှတ်ရရ ဦးလေးဆီက ရခဲ့တဲ့ အောင်မြင်ခြင်းရဲ့  လှို့ဝှက်ချက် စာအုပ်လေးက ကျနော် ဘ၀ ခရီးလမ်းတွေကို အထောက်အကူ ပေးခဲ့တယ်ဗျာ။ ဦးလေးရေ ကျနော် အရွှယ်လဲရောက်လာရော ဦးလေးနဲ့  အကြောင်းအရာမျိုးစုံ ပြောဆိုဆွေးနွေးတော့ ဦးလေးက မင်းမဆိုးဘူးကွ လို့ ပြောခဲ့တယ်။ လူဆိုတာ တနေ့သေရမှာပဲကွ မသေခင်တော့ တရားများများထိုင်ရမယ်ကွ လို့ ဦးလေးပြောခဲ့တယ်။ တကိုယ်တော်တည်း နေတဲ့ ဦးလေး ကို အသက်အရွှယ်လေးရောက်လာရင် အိမ်မှာပဲ နေဖို့ အမေ့ ကိုမှာထားပါတယ်။ ကျနော် အလည်ပြန်လာရင် ဦးလေးနဲ့  စကားတွေ ပြောမယ်လို့ စိတ်ကူးပြီးသားပါ။ အသက် ၆၇ နှစ် ရှိပြီနော်။ ကျန်းမာရေးဂရုစိုက်ပါအုံးလို့ ကျနော် ဦးလေးကို မမှာချင်ပါဘူး။ ဘာလို့လဲဆိုတော့ ဦးလေး က လမ်းအလွန်လျှောက်တဲ့သူလေ။ မန်းလေးအိမ်ကိုရောက်ရင် ဦးလေးက စက်ဘီးပဲစီးတယ်နော်။ ကျန်းမားရေးနဲ့  ညီညွှတ်အောင်တဲ့။ အပေးအကမ်း သိပ်မရက်ရောတဲ့ ဦးလေး အလှူအတန်းလေး လုပ်တယ်ကြားတော့ သာဓုခေါ်မိတာ တူလေးပါ။ ဦးလေးဆုံးပြီလို့ ညီမလေးကပြောတော့။ ကျနော်ဘက်က အသံတိတ်သွားလိုက်တာ အတော်ကြာသွားလို့ ညီမလေးက ကိုကို ဘာဖြစ်သွားလဲမသိဘူးလို့ အိမ်သားတွေကိုလှမ်းပြောတယ်။ တကယ်တော့ ကျနော်မငိုပါဘူး။ ယောကျာင်္ဆိုတာ ဘယ်တော့မှ မငိုရဘူးတဲ့ ဦးလေးပြောခဲ့တယ်လေ။ တကယ်တော့ ကျတော် စကားဆက်ပြောလို့မရခဲ့လို့ တမိနစ်လောက်ငြိမ်သွားတာပါ။ ဖုံးဆက်ပြောရင် ကျတော် အသံတွေ ကိုကြားပြီး ကိုကို ငိုနေတယ်လို့ ပြောလိုက်ရင် ဦးလေးကြားမှာ စိုးလို့ပါဗျာ။ ကျနော် ဦးလေး က မင်းယောကျာင်္ မဟုတ်ဘူးလား လို့ပြောမှာ မလိုလားဘူး။ ဦးလေး က လွန်ခဲ့တဲ့ တနှစ်လောက်ကတည်းက ကြိုတင်ပြင်ဆင်ခဲ့တယ်ဆို။ တရားတွေ အတော် မှတ်ခဲ့တယ်တဲ့ ညီမလေးကပြောတယ်။ တကယ်တော့ ဦးလေးက ကျတော်တို့ ထက်သာလွန်တဲ့ နေရာရောက် သွားတာပါ။ ဦးလေး က အမေ၊ အဒေါ်လေးနဲ့  ညီမလေး တို့ကိုကျတော့ အလွန်မွေးပျံ့ တဲ့ ရနံ့  လက်ဆောင်တွေ ပေးခဲ့ပြီး ကျတော့ ကိုတော့ ဘာလက်ဆောင်မှ မပေးဘူးနော်။ ကျနော် နောက်တာပါဗျာ ဦးလေးရဲ့ စကားတွေက ကျနော် အတွက် လက်ဆောင်တွေပဲပေါ့။ ကျတော် အချိန်သိပ်မရှိတော့ဘူး ဦးလေးရေ။ ဦးလေးနဲ့  ကျတော် ငြိမ်းချမ်းသော ရပ်ဝန်း တခုမှာ လမ်းတွေ လျှောက်ရင်း စကားတွေပြော အုံးမှာပါဗျ။

တူတော်မောင်

Monday, 5 November 2007

The Lady Of Burma