Wednesday 13 June 2007

Mr Writer

ကျွန်တော် စာတွေ များများ ရေးဖို့ ရည်ရွယ် ထားပါတယ်။ သို့သော် လောလောဆယ် မဟုတ်သေးပါ။ မြန်မာစာ သာမန်ထက်ကို ညံ့သလို အင်္ဂလိပ်စာ မှာလဲ ထိုနည်း ဌင်း။ စာအရေး အသားကောင်း ချင်ရင် စာ များများဖတ် ပေးရ တယ်လို့ စာရေးဆရာ Iqbal Ahmed က ပြောဖူး၏။ Iqbal သည် ၁၉၉၄ ခုနှစ် ကတည်း က လန်ဒန် တွင် နေထိုင်ခဲ့ သူဖြစ်၏။ ကစ်မီးယား (Kashmir) တွင် မွေးဖွားခဲ့ပြီး၊ ၃၉ နှစ်ဖြစ်သည်။ သူ၏ ပထမ ဆုံး စာအုပ် ဖြစ်တဲ့ Sorrows of the Moon သည် The Guardian မှ တနှစ်တာ အကောင်းဆုံး စာအုပ် အဖြစ် မှတ်တမ်း တင်ခြင်းခံရသည်။ ကျွန်တော့် ထက် အသက် ၁၁ ကြီးသော သူ့ကို အားကျ၏။ သူက ကျွန်တော် ကိုတွေ့ လျင် Young Man ဟု ခေါ်တတ်၏။ ကျွန်တော် ကလဲ တဖန် Old Man ဟု တဖန် နောက်ပြောင် သည့် သဘော ပြန်ခေါ်လျင် သူသဘော ကျစွာရီတတ်၏။ ဘယ် အကြောင်းအရာ မဆို သူသည် ၀င်ရောက် ဆွေးနွေး နိုင်၏။ ကျွန်တော် သဘောကျသော Tony Blair ကို သူ အကြိုက်မတွေ့ချေ။ အီရတ် ကို ကျူးကျော် သိမ်းပိုက်သောကြောင့် ဖြစ်နိုင်သည်။ သူရဲ့  ဒုတိယ စာအုပ် ဖြစ်တဲ့ Empire of the Mine ကတော့ ဗြိတိန်နိုင်ငံ တလျှောက် ခရီး စဉ် အကြောင်းရေး ဖွဲ့ထား သည်။ မြေအောက်ရထား နဲ့ ဘတ်စ် ကား မစီး တတ်သော Iqbal သည် ပြိုင်ဘီး(စက်ဘီး) လေးကို သာ စီးပါသည်။ သူစွဲစွဲ မြဲမြဲ ထိုင်တတ် သော ကဖီး ဆိုင်လေး မှာ Costa Coffee Shop ဖြစ်ပြီး၊ လူရှင်းတဲ့ နေရာ မှာ ထိုင်ကာ Laptop နဲ့ စာရေးတတ် ကြောင်း ကျွန်တော်ကို ပြောပြပါ သည်။ ကျွန်တော် က '' စာရေးခြင်းရဲ့  အဓိက ရည်ရွယ် ချက် က ဘာလဲ၊ ၀ါသနာ ကြောင့်လား..သို့မဟုတ်..နာမည် ကြီးဖို့လား'' လို့ မေးတော့၊ သူက ပြုံးပြီး '' ငွေရ ဖို့ အတွက်ပေါ့ ကွာ'' တဲ့လေ။ ဟုတ်ပါတယ် စာအုပ် တအုပ် ပေါက် သွားပါ က မီလျှံနာ ဖြစ်လာနိုင်တဲ့ အခွင့်အရေး တွေ အိမ်မက် တွေ Iqbal မှာ ရှိနေပါတယ် လေ။

2 comments:

Thet Oo said...

ဘလူးဂျင်းက old man လို့ခေါ်တဲ့စာရေးဆရာက ကျနော့်ထက် ၃ နှစ်လောက်ငယ်နေပါသေးလား။ စာရေးတာ ဘ၀အတွေ့အကြုံတွေလည်း ရှိဖို့လိုလိမ့်မယ်နဲ့တူတယ်နော်။

Ba Lu Kyi said...

လိုကိုလိုပါတယ်။ ကိုသက်ဦးရေ..ကျေးဇူးပါဗျာ..