Friday 8 June 2007

Star Bucks Coffee Shop







သူမ နဲ့ ဆုံနေကြ ကော်ဖီ ဆိုင်လေးပါ။ သူမ ရဲ့ အမေရိကန် အသံ သြသြလေး ကို ကြားနေကြနေရာလေး ဆိုလဲ မမှားပါဘူး။ အစက သူမကို တရုတ်မလေးဟု ထင်ခဲ့သည်။ သူမ သည် အမေရိကန် မှာ ကြီးပြင်းခဲ့တဲ့ အာရှ သူလေး ဖြစ်ပါ သည်။ ပုပုသေးသေး လေး နဲ့ ချစ်စရာ အသွင်ဆောင်သော သူမရဲ့ စတိုင်လေး အပြင် တည်ငြိမ်စွာ ပြောတတ်ပုံလေးကို က နောက်တကြိမ် ဆုံတော့ မှတ်မိ နေစေခဲ့ ပါသည်။ သူမ သည် အခြား သူငယ်ချင်း နှစ်ယောက်ကို ဒီဆိုင်လေးမှာ ပဲ လာရောက်တွေ့ ဆုံ စကားပြောလေ့ ရှိပါသည်။ တိုက်တိုက် ဆိုင်ဆိုင် ကျွန်တော် ထိုင်တဲ့ ၀ိုင်း ရဲ့ ဘေးက ၀ိုင်းမှာပဲ သူမတို့ ထိုင်ကြသည်။ သူမ သည် အနုပညာ ကျောင်းသူ ဖြစ်သည်။ ကျွန်တော့် ၏ အာရုံများက စကားပြောနေသော သူငယ်ချင်းထံ မရောက်နိုင် ပဲ သူမရဲ့ စကားလုံးလေးကို သာ နားထောင်နေမိတတ်ပါ သည်။ ပြီးတော့ သူမ ၏ လက်သူကြွယ် လေးကို လှမ်းကြည့်ခဲ့ ပါသည်။ ကံဆိုးလှစွာ ကော်ဖီခွက် ကိုင်နေစဉ် အခါနဲ့ ကြုံကြိုက် မိသောကြောင့် လက်စွပ်လေး ရှိလား မရှိလား ဆိုတာ မသိခဲ့ရပါ။ နောက်ရက်တွေ တော့ မှာ ကြည်ဖို့ မေ့နေခဲ့ပါ သည်။ အဝေးရောက် မှသာ ကျွန်တော် သူမကို လှမ်းကြည့်ပါ သည်။ သူမကတော့ ကျွန်တော်ကို သတိထားမိခဲ့ မည် မထင်ပါ။ ထိုကော်ဖီ ဆိုင်လေး ကို မရောက်တာ တစ်ပတ်လောက်ရှိ ချေပြီ။ လွမ်းတော့ လွမ်းနေမိသည်။ ကော်ဖီဆိုင် က ကော်ဖီ ရနံ့ ကိုလား၊ ထို နတ်မိ မယ်လေးကိုလား ဆိုတာကိုတော့ စတားဘတ် ကော်ဖီဆိုင်လေး

(ဒီဓါတ်ပုံ များတွင် သူမ မပါတာ တော့သေချာသည်။)

1 comment:

Anonymous said...

ကောင်မလေး ပါအောင်ရိုက်တာဟုတ်ဘူး