မရေးတာကြာလေပြီ။ မအားတာ တကြောင်း။ လူမှုရေး ကိစ တွေနဲ့ လုံးခြာလည်နေခဲ့သည်။ ပြီးတော့ ကွန်ပြူတာ လဲ ပျက်၊ ဇော်ဂျီ ဖောင့်တွေကလဲ ကဂျိုးကဂျောင် ဖြစ်လို့နေသည်။ လိုချင်သော စာလုံးတွေ မရ။ ကွန်ပြူတာနဲ့  ဆိုင်သည်။ အီ စာလုံးမရ။ ပတ်ဆင့် စ လုံးမရ။ ကီးက ငြိ နေသည်။
ကိုယ်တိုင် မရေးပေမယ့် အခြား ဘလောဂ်တွေကိုတော့ ရောက်သည်။ မပန်ဒို၊ ကိုထိုက်၊ ဂျော့မင်း၊ ၉၉ တို့ဆီတော့ သွားရောက် ဖတ်ရှုဖြစ်ခဲ့သည်။
အခြား ဘလောဂ်တွေ ထံသွားချင်ရင်လဲ မပန်ဒို ဘလောဂ် မှတဆင့် ကူးသွားတာများပါသည်။ သူ့ ဘလောဂ် မှာ ဘလောဂ်ဂါ အကုန်လုံး ရဲ့  စာရင်းတွေ ရှိနေတယ်လေ။
ကဲ..ဒီလောက်ပါပဲ ခင်ဗျာ။
နောက်မှ..ဆက်ရေးတော့မယ်။
Wednesday, 27 February 2008
ကြာလေပြီ
ရေးသူ
Ba Lu Kyi
at
01:58
4
comments
Tuesday, 18 December 2007
ဖဘီအို သို့ သတိပေးခြင်း

မိတ်ဆွေကြီး ဖဘီအို ရေ..
တိုက်ပွဲအတွက်ပြင်ဆင်ပါ
ဆဗင် ကိုဖုံးခေါ်ပါ
ခင်ဗျား ဘာတွေဖြစ်လာမယ်ဆိုတာ ကို တပ်အပ် သိနေတဲ့ သူကတော့ ဆဗင် ဂေါ်ရန် အဲရစ်ဆင် ပေါ့ဗျာ။ သူနဲ့ နေ့လည်စာ စားရင်း ဘာတွေကို သတိထားရမယ်ဆိုတာ မေးကြည့်လိုက်ပါဗျာ။ အင်္ဂလိပ် မီဒီယာတွေ ဘယ်လိုလုပ်လဲ ဆိုတာ သိသင့်တယ်လေ။ သူက ခင်းဗျားကို ပြောပြပါ လိမ့်မယ် ဘောလုံးအဖွဲ့ ချုပ်က ဘယ်လိုမျိုး ဒုက္ခပေးခဲ့တယ် ဆိုတာကိုပေါ့။ ဒါမှ မဟုတ် နောက်တနည်းက။ သူကို ဖုံးနဲ့ ပဲ စကားပြောလိုက်ပါဗျာ။ ခင်းဗျားက ဆဗင်နဲ့ နေ့လည်စာ စားနေတဲ့ ပုံကြီး သတင်းစာ တွေပေါ်ရောက်လာမှာ မလိုလားဘူးမဟုတ်လား။
အင်္ဂလိပ်စာ မသင်ပါနဲ့
အင်္ဂလိပ်လို ကျွမ်းကျင် တတ်မြောက် လာခဲ့ရင် ခင်ဗျားအတွက် တွေ့ဆုံးမေးမြန်းပွဲ တွေက ပြဿနာ အဖြစ်ပြောင်းလဲ လာနိုင်တယ်လေ။ အီတလီ နဲ့ စပိန် စကားပဲ ဖိပြောဗျာ။ ခင်ဗျား ၀ယ်မယ်ဆို ၀ယ်သင့်တာက မိမိကိုမိမိ အင်္ဂလိပ် လိုသင်ကြားခြင်း စာအုပ်ပဲလေ။ တော်ကြာ ပွဲထွက်ထွက်ခြင်း အဆိုးနဲ့ကြုံ ခဲ့ရင် ပြောနိုင်အောင်ပေါ့ဗျာ။
ကိုယ်နောက်ကိုပြန်ကြည့်ပါ
ဘောလုံးအဖွဲ့ ချုပ် က သူတို့ ကိုသူတို့ တွင်းထဲက ကယ်ထုတ်ဖို့ ခင်ဗျားကို ခန့်လိုက်တာဗျ။ သူတို့က အကောင်းဆုံးဆိုတဲ့ နည်းပြကို အမြန်ဆုံး လိုချင်နေတာဗျ။ ဒါကလဲ သူတို့ကို လူတွေက အဆိုးတွေ ပြောခြင်းက လွတ်မြောက်အောင်လို့ပေါ့ဗျာ။ သူတို့က အလွန်စိတ်ညစ်နေကြရတယ်လေ။ သူတို့ ဆီကို ရောက်လာမယ် ပြဿနာကို ခင်ဗျားနဲ့ အစားထိုးလိုက်တာပဲ။ ခင်းဗျား ဟာ လောင်းကြေးကြီးကြီး နဲ့ ကစားခြင်း ခံနေရတဲ့ ပွန် တကောင် ဆိုတာ လက်ခံလိုက်ပါ။ ဖက်အေ(အဖွဲ့ချုပ်) ကတော့ ခင်ဗျားကို ကျင်းထဲ က ဆွဲထုတ်ပေးမှာ မဟုတ်ဘူး။ သူတို့ကိုမေးကြည့်လေ။ ဖာရီရာ အလန်၊ ဥရီကာ ဂျွန်ဆင် ဒါမှမဟုတ် မတ်ပဲလီအို တို့ အကြောင်း သူတို့ ကိုမေးကြည့် လိုက်ပါ။ သူတို့က ခင်းဗျားကို ချိတ်ဆွဲပြီး နေလှန်းထားလိမ့်မယ်။
စားသောက်ပွဲလုပ်ပါ
ဖြစ်နိုင်ရင် သတင်းလောကသားတွေနဲ့ အမြန်ဆုံး ရင်းနှီးကျွမ်းဝင်မှု ရှိအောင်လုပ်ပါ။ ဒါဆို ခင်ဗျား အကောင်းဆုံး သတင်းခေါင်းစဉ်တွေ ရေးဖို့ အာမခံ နိုင်မလား ဆိုတော့။ အင်း မခံနိုင်ဘူးဗျ။ ဒါကတော့ ခင်ဗျား ရဲ့  ပျားရည်ဆမ်းခရီး ပြီးရင်တော့ အနည်းအကျင်းတော့ လွတ်မြောက်နိုင်တဲ့ အခွင့်အရေး လေးရှိတာပေါ့ဗျာ။
အောက်ခြေအဆင့်မှာပဲ နေပါ
ဆန် လိုရန်ဇို ကိုမသွားနဲ့။ အိမ်မှာပဲ စားပါ။ ခင်ဗျားသွားချင်ရင် အနုပညာ ပြတိုက် ကိုသွားဗျာ။ ဒါပေမယ် အင်္ဂလန် ရှုံးတဲ့ နေ့တော့ မသွားမိစေနဲ့။ ခင်ဗျား ဟာ လူမသိသူမသိလေး နေသွားရင်တော့ရပါတယ်။ လန်ဒန်မှာပေါ့ဗျာ။
တခုခုတော့ပြန်ပေးပါ
ကျုပ် စတီဗင် မက်ကလာရင် ကိုပြောဘူးတယ်လေ။ အင်္ဂလိပ်ဘောလုံးလောက ကို အပြုံးလေးတော့ တပ်ထားခဲ့ပေးပါလို့။ ကူညီတဲ့ အနေနဲ့ပေါ့ဗျာ။ ဘောလုံးလောက က အရာရာ ငွေပဲလေ။ အကယ်ရွှေ့  ခင်ဗျား က အဖွဲ့ တခုကို တခုခု ပြန်ပေးနိုင်ခဲ့ရင် အဲဒီအဖွဲ့ က ခင်ဗျား ကို ၂ ဆ ပြန်လည် ပေးမှာ မလွဲပါဘူးဗျာ။ ခင်ဗျား လုပ်ဆောင်ချက်တွေ ထိရောက်ခဲ့ရင်ပေါ့။
သတင်းစာ မဖတ်ပါနဲ့
အင်္ဂလိပ် ဂျာနယ်လစ် တွေက ခင်ဗျား ပုဂ္ဂိုလ် ရေးရာတွေ ကို ဆွဲထုတ်ရေးသားကြလိမ့်မယ်။ သတင်းစာတွေက ခင်ဗျားနဲ့ ပတ်သတ်တဲ့ အကြောင်းတွေကိုရေးတဲ့ စာကြည့်တိုက်တခု တည်ဆောက်ကြလိမ့်မယ်။ ကောင်းတာရော၊ ဆိုးတာရော၊မခွဲခြားဘူး။ ခင်ဗျားမကောင်းတာ တချက်လုပ်မိလို့ကတော့။ သူတို့ ကညှာမှာ မဟုတ်ဘူးနော်။ အင်္ဂလန်သာ ယူရို၂၀၀၈ ကစားနေဆဲ ဆိုရင်၊ သတင်းစာ အယ်ဒီတာတွေ က ပုံပြင်ဟောင်းလေးတွေပဲ ဆက်ရေးနေမှာလေ။ သူတို့က လှေကို အတင်းလှော်ချင်တာ မဟုတ်ဘူးလေ။ ဘာဘဲပြောပြော မက်ကလာရင် ကို ကျေးဇူးတင်တယ်ဗျာ။ ခင်ဗျား အံ့သြထိန့်လန့်စရာ ကြုံရတော့မယ်လေ။ ဘောလုံးရာသီရဲ့  အစလည်း ဖြစ်နေပြီလေ။
ကိုယ့်ကိုကိုယ် ပိုင်ပါစေ
ခင်ဗျား မလုပ်ချင်တဲ့ဟာ ကို မလုပ်မိပါစေနဲ့။ အဖွဲ့ချုပ်က ခိုင်းတာကို မလုပ်မိပါစေနဲ့။ ခင်ဗျား ရဲ့  ဂုဏ်သတင်းကျော်ဇော ခဲ့ခြင်းက ခင်ဗျား ဦးဆောင်နိုင်တယ်ဆိုတာပဲလေ။ ခင်ဗျားနည်းလမ်း အတိုင်းသွားပါ။ သူတို့တွေ က အဖျက်လုပ်ခဲ့ရင်တောင်။ ခင်ဗျား က ကိုယ့်အရည်အချင်းကိုယ် အမှန်သိမြင်နိုင်တာပေါ့ဗျာ။
ကျဆုံးဖို ပြင်ဆင်ပါ
ခင်ဗျား က ဘာမှ မဖြစ်သလို ဖုံးထားတယ်။ အင်္ဂလန်က အသုံးမကျဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလန် ဘောလုံးသမားတွေ က အဆင့်မြင့် အသင်းတွေကို ယှဉ်ကန် လို့ မရသေးလို့ပဲ။
ရှောင်း၊ မက်စ်
(စာကြွင်း။ ။ အင်္ဂလန် သတင်းစာ တခုမှ ဘာသာ ပြန်ဆိုပါသည်။ ဘောလုံးနဲ့ ပတ်သက်လာလျင် သဲသဲမဲမဲ ဖြစ်ကြသော အင်္ဂလန်တွင် အမျိုးသားအသင်းကို ကိုင်တွယ်ရသော နည်းပြ များအဖို့ သတင်းစာ ဆရာများရဲ့  ထိုးနှက် ရေးသားမှု တွေ က ပင် စိတ်ဓါတ်ရေးရာ ကို ကျဆင်းစေပါသည်။ အလွန်တော်သော အဲရစ်ဆင် ပင် မခံနိုင်ပါ။ အင်္ဂလန် ဘောလုံးအသင်း ကျရှုံး ရခြင်းသည် အားကစား သတင်းရေး ဆရာများ ရဲ့  လက်ချက်လဲပါသည်ဟုကျနော်မြင်ပါသည်။ )
ရေးသူ
Ba Lu Kyi
at
01:45
0
comments
Sunday, 16 December 2007
When you believe
(Whitney)
Many nights were prayed
with no proof anyone could hear
In our hearts a hopeful song
We barely understood
Now we are not afraid
Although we know there’s much to fear
We were moving mountains
Long before we ever knew we could
(Whitney)
There can be miracles
When you believe
Though hope is frail
It’s hard to kill
Who knows what miracles
You can achieve
When you believe
Somehow you will
You will when you believe
(Mariah)
In this time of fear
When prayer so often proved in vain
Hope seemed like the summer birds
Too swiftly flown away
Yet now I’m standing here
With heart so full I can’t explain
Seeking faith and speaking words
I never thought I’d say
(Both)
There can be miracles when you believe
Though hope is frail
It’s hard to kill
Who knows what miracles
You can achieve
When you believe
Somehow you will
You will when you believe...
ရေးသူ
Ba Lu Kyi
at
03:28
0
comments
Friday, 14 December 2007
Saturday, 17 November 2007
ံ BSO-UK
တကယ်တော့ အင်္ဂလန်မှာ ဒီလိုအဖွဲ့  မျိုးလိုအပ်နေပါသည်။ ကရင်တိုင်း၇င်းသားများအဖွဲ့ ၊ ကချင်တိုင်းရင်းသားများအဖွဲ့  ၊ ခရစ်ယာဉ်အဖွဲ့ များ ရှိပြီး ဖြစ်ပါသည်။ ယခုလို ဗြိတိန် ရောက် မြန်မာ ကျောင်းသားများအတွက် အကူအညီပေး နိုင်ရေးအဖွဲ့  လိုအပ်သည် ကတော့ အမှန်ပင်။
္ကဤအဖွဲ့ အနေဖြင့် ကျောင်းသားများ ဘဏ်စာရင်းဖွင့်နိုင်ရန်၊ ပညာရေးအတွက် ကျောင်းရွှေးချယ်ရေး၊ အိမ်ခန်းရှာဖွေရေး၊ ပြဿနာများကို ယခုကျောင်းသားများ အဖွဲ့ မှ ၀ိုင်းဝန်းဖြေရှင်းပေးမည်၊ နောက်ဆုံး အခက်အခဲ့ ရှိခဲ့သော် ကျောင်းသားအချင်းချင်း ကူညီ နိုင်မည့် အဖွဲ့  ဖြစ်သည်။
လူငယ်ကျောင်းသားများဖြင့်သာ ဖွဲ့ စည်းထားသောကြောင့် ချက်ချင်းကြီး အကောင်းဆုံး ဆိုသည် အရာ ကို လိုချင်လို့ တော့ မဖြစ်နိုင်ပါ။ မလှမ်းတာထက် ခြေတလှမ်း လှမ်းလိုက်ခြင်းက ခရီးတွင်လှပေသည်။
ဒီနေရာမှာ ကျတော် တခုပြောချင်ပါသည် ၈၈ ခုနောက် ပိုင်းမှ ကျောင်းသားကြီးတွေ ဖြစ်လာရသောကြောင့် အစိုးရ၏ မျက်စိပိတ် နားပိတ် အကြားအမြင် ပိတ် ပညာရေး လက်ထက်တွင် ကြီးပြင်းခဲ့ကြရလေသည်။ ဆိုလိုတာက ကျောင်းသားတွေ ဟာ တဦးကိုတဦး နုတ်ဆက်ဖို့၊ စကားလက်ဆုံ ကျဖို့ စတာတွေ မှာ အလွန်ပင် နှေးနေတတ်ပါသည်။ ဒါတောင် ဗြိတိန်က ကျောင်းတွေ က ယဉ်ကျေးမှု စနစ်တွေ ကြောင့် အလွန်တော့ မဆိုးဝါးသွားခဲ့ပါ။
ဤအဖွဲ့  ကို ဖွဲ့ စည်းပြီးကြောင်း ကြေငြာပြီးနောက် မေးခွန်းတွေ မေးမြန်းရန် အချိန် အနည်းငယ်ပေးခဲ့ပါသည်။ လူတယောက်က စ၍ Burmese ဆိုသည့် အသုံးအနှုန်းကြောင့် အဖွဲ့  မ၀င်လိုသည့် လူ များရှိနေကြောင်း၊ ပြောင်းလဲ နိုင်မည်လားဟု မေးလာပါသည်။ အဖွဲ့ ဝင်ကျောင်းသားလေးတွေကလဲ ကြည့်ကျက်ဖြေလိုက်ပါတယ်။ ဒါဟာ အဖွဲ့ ဝင်အားလုံး လက်ခံပြီးဖြစ်တယ်လို့။
နောက်တယောက်ကတော့..ဒီအဖွဲ့ ကိုဝင်ရင် မြန်မာပြည်က အစိုးရကို အဖွဲ့ဝင်စာရင်းတွေပေးမှာလားဟု မေး၏။ မပေးပါဟု အဖွဲ့ ဝင်တွေ ကပြောပါတယ်။
ဒီနေရာမှာ နည်းနည်းရှင်းပြပါရစေ..အာဆီယံက အခြားနိုင်ငံ အတော်များများမှာ ဗြိတိန်ရောက် ကျောင်းသားအဖွဲ့ အစည်းများ ရှိပြီး..မြန်မာ အနေနဲ့  မရှိသေးပါ။ ထိုသို့ ဖွဲ့ စည်းရန် သက်ဆိုင်နိုင်ငံ၏ အစိုးရ လက်ခံမှရပါတယ်။ ဆိုတော့ကာ ဤအဖွဲ့  အနေနဲ့  အာဆီယံကျောင်းသားသမဂ္ဂ ကိုဝင်ရောက်ချင်ရင် စစ်အစိုးရ ရဲ့  လက်မှတ်လိုအပ်နေပါတယ်။ ဒါပေမယ့် ဒီအဖွဲ့ ဟာ အစိုးရက ချုပ်ချယ် ကိုင်တွယ်ခံရမယ် အဖွဲ့  မဖြစ်ဖို့ က ၁၀၀ % သေချာပါတယ်။ ကျတော်ရဲ့  စိတ်ဓါတ်မျိုး ရှိတဲ့ ကျောင်းသားတွေပါ။
အချုပ်အနေနဲ့ ပြောရ ရင် ဗြိတိန်မှာ အဖွဲ့ သစ်တဖွဲ့  ပေါ်ပေါက်လာ ပါပြီ။ ကြိုဆိုပါရပါမည်။ လက်ရှိ ကျတော် တို့ နိုင်ငံမှာ အဖွဲ့  တွေ ဖွဲ့ ဖို့ မဆိုနဲ့  လူ ၇ ယောက်လောက်ပင် ဖွဲ့ဖို့ ခက်နေသေး၏ ။ အခုလို နိုင်ငံရပ်ခြားတွင် လာရောက် ၍ ဖွဲ့ စည်းပြလိုက် တာက စစ်အစိုးရ ကို ခင်းဗျားတို့ လက်အောက်မှာ မို့ပေါ့ဗျာ၊ တွေ့လား ကျုပ်တို့ ဒါတွေ လုပ်နိုင်ပါတယ်ဗျ..ဟု ပြလိုက်လေပြီ။
ရေးသူ
Ba Lu Kyi
at
00:26
2
comments
Tuesday, 13 November 2007
BSO- UK
Burmese Student Organisation - UK
7:00pm - 9:00pm
The Burmese Students Organisation shall be a non-profit Organisation representing all overseas Burmese Students independent of any party political organization.
What is BSO?
Who are we?
The role of Setup Committee!
Do BSO really need about our burmese community?
What are they planning?
What is all about?
Please find out more at the meeting and join with us at:
Date : 16th Nov 2007 (Friday)
Time : 7:00pm - 9:00pm
Venue : The Anatomy Lecture Theatre
Hodgkin Building
Guy's Campus
King's College
London
SE1 9RT
Nearest Station : London Bridge Tube Station
Wordpress : http://bscsc.wordpress.com
MyanmarMp3 : http://www.myanmarmp3.net
Facebook : http://www.facebook.com/group
See attachment for pamphlet.
Setup Committee
Burmese Student Organisation
London, UK
ရေးသူ
Ba Lu Kyi
at
23:17
0
comments
Monday, 12 November 2007
ဦးလေးတင်အေးထံပေးစာ
တူတော်မောင်
ရေးသူ
Ba Lu Kyi
at
21:48
0
comments
Monday, 5 November 2007
Sunday, 4 November 2007
The Lady Of Burma
with Liana Mau Tan Gould as Aung San Sui Kyi
Location: The Riverside Studios, Hammersmith, London
Date: Thursday 15th November 2007
Time: 8pm to 9.15pm
Number of available tickets: 150
Price of tickets: £15 (£10 goes to the theatre to pay for the performance; £5 goes to Prospect Burma)
ရေးသူ
Ba Lu Kyi
at
14:17
1 comments
Thursday, 11 October 2007
Youth Talk Programme in London
ရေးသူ
Ba Lu Kyi
at
22:14
0
comments
Sunday, 7 October 2007
London marching day for Burma
Polices were protecting for Protesters in Human Right Country
Japanese girl aslo supporting us
International monks
Banners and flags saying that release of Aung San Suu Kyi
Rally in Trafalgar square
People wearing red headbands show solidarity with the monks
ရေးသူ
Ba Lu Kyi
at
01:09
0
comments
Friday, 5 October 2007
Burmese Students & Big Ben
'This is the beginning of the end of military rule.It is not the final battle,but the first step in the final battle''
ရေးသူ
Ba Lu Kyi
at
02:06
0
comments
London March for Burma
- March at 11:30 to Westminster Bridge
- Prayers led by Venerable U Uttara at the Westminster Bridge and throwing flowers to the river as a tribute to those who passed away due to recent atrocities in Burma
- March towards Downing Street
- March towards Trafalgar Square and be given speech by MPs and peace-loving leaders
ရေးသူ
Ba Lu Kyi
at
01:13
0
comments
Monday, 2 July 2007
Thursday, 21 June 2007
Just for Laugh
တကယ့်ပျော်ရွှင်မှု
ပထမဦးဆုံး အင်္ဂလိပ်လူမျိုးက ပျော်ရွှင်မှုဆိုသည်ကို သူ့အမြင်အား တင်ပြသည်။
‘တစ်နေကုန်အလုပ်ပင်ပန်းပြီး ပြန်လာတဲ့ အခါ အိမ်ခန်းထဲက မီးလင်းဖိုဘေးမှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်ရတာ တကယ်ပျော်ရွှင်ကြည်နူးစရာ ကောင်းတယ်ဗျာ ’
ထိုအခါ ပြင်သစ်လူမျိုးက
‘ခင်ဗျားတို့ အင်္ဂလိပ်တွေ ပြောသလို မဟုတ်ပါဘူးဗျာ၊ တကယ်ပျော်ရွှင်မှုဆိုတာ ကိစ္စတစ်ခုနဲ့ ခရီးသွားရင်း သိပ်ကိုချောတဲ့ လှပတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့ပြီး သူက ခင်ဗျားကို လမ်းတလျှောက်လုံး စိတ်ပျော်ရွှင် ကြည်နူးအောင်လုပ်ပေးမယ်ဗျာ၊ ပြီးတော့ သူနဲ့လမ်းခွဲကြတဲ့ အခါ ကျေကျေနပ်နပ်နဲ့ လမ်းခွဲလိုက်ကြတယ်ဗျာ၊ အဲဒါမှ တကယ့် ပျော်ရွှင်မှုဗျ’
ထို့နောက် ရုရှားလူမျိုးက သူ၏ ပျော်ရွှင်မှုကို အဓိပ္ပါယ် ဖွင့်လိုက်လေသည်။
‘တကယ်ပျော်ရွှင်မှုဆိုတာ ဒီလိုဗျ၊ ခင်ဗျား အိပ်ကောင်းနေတုန်း အချိန် မနက်လေးနာရီလောက်မှာ လျှို့ ဝှက်ရဲတွေက အခန်းတံခါးကို လာခေါက်ပြီး ဘိုင်တင်နိုဗစ်၊ ခင်ဗျားကို ကျွန်တော်ဖမ်းလိုက်ပြီလို့ ပြောတဲ့အခါ ခင်ဗျားက ၀မ်းနည်းပါတယ်၊ ဘိုင်တင်နိုဗစ် ဆိုတာ ဟိုဘက် အခန်းကပါလို့ ပြောလိုက်ရတာမှ တကယ့်ပျော်ရွှင်မှုဗျ’
..........................xxxxxxxxxxx...............................
ငါလည်း ရေတပ်ကပဲ
ကျွန်တော်နှင့် သူငယ်ချင်းတယောက်တို့သည် ရေတပ်မှ ထွက်ခဲ့ပြီးနောက် တက္ကသိုလ်တစ်ခုတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည်။ သို့နှင့် စာမေးပွဲဖြေဆိုသည့် အချိန် ရောက်ရှိလာရာ ရေတပ် မတော် တွင် အမှုထမ်းခဲ့စဉ်က လေ့လာခဲ့ရသော အချက်ပြဆက်သွယ်ရေးနည်းဖြင့် စာမေးပွဲ ဖြေဆိုရာ၌ တစ်ယောက်နှင့်တစ်ယောက် မဖြေနိုင်သော မေးခွန်းနံပါတ်ကို ခဲ့တံနှင့်ခေါက်၍ မေးကာ တစ်ယောက်က ခဲတံနှင့် ခေါက်၍ အဖြေကိုပြောပြသည်။ ဤနည်းဖြင့် စာမေးပွဲဖြေနေကြရာ အချိန်ကုန်ခါနီး၌ စာမေးပွဲ အခန်းစောင့် ဆရာက သူ့ခဲတံနှင့် စားပွဲကို ခေါက်၍ ပြောလိုက်သည်မှာ
‘ငါလဲ ရေတပ်ကထွက်လာတဲ့လူပဲ၊ မင်းတို့နှစ်ယောက် စလုံး စာမေးပွဲကျပြီသာ မှတ်ပေတော့’ ဟူသတည်း။
..........................xxxxxxxxxxx...............................
အဲဘတ်စ်အိုင်းစတိုင်း သည် ကောင်းကင်ဘုံသို့ ရောက်ရှိ သွားလေရာ အခြားလူလေး ယောက်နဲ့အတူ နေရန် အခန်း တခန်းရ ရှိလေသည်။ သို့နှင့် ထိုလူ ၄ ယောက်ကို အိုင်စတိုင်းက သူ့ကိုသူမိတ် ဆက်လေ သည်။
ထိုအခါ ပထမလူက ပြောလေ သည်။
“တွေ့ရတာ ၀မ်းသာပါတယ်၊ ကျွန်တော်ဥာဏ်ရည် တစ်ရာ့ရှစ်ဆယ် လောက် ရှိပါတယ်”
“ဟာ ကောင်းတာပေါ့၊ ဒါဆိုရင် ခင်ဗျားနဲ့ကျွန်တော် ကွင်တန် ရူပဗေဒ သဘောတရားတွေ ဆွေးနွေး လို့ရတာပေါ့”
“ကျွန်တော် က ဥာဏ်ရည် တစ်ရာ့ငါးဆယ် ကိုးတော့ ရှိပါတယ်”
“ဟုတ်လား၊ ဒီလိုဆို ခင်ဗျားနဲ့ ကျွန်တော် နောက်ဆုံး သချာင်္ အယူအဆ တွေ ဆွေးနွေးကြ မယ်”
တတိယ လူကလဲ ပြောပြသည်။
“ ကျွန်တော် ကတော့ ဥာဏ်ရည် တစ်ရာ့သုံးဆယ် နှစ်ပဲ ရှိတယ်”
“ ကောင်းပါတယ်၊ အနုပညာ သဘောတရားတွေ ခင်းဗျား နဲ့ ပြော ဆိုနိုင် တာပေါ့”
ထိုအုပ်စုထဲမှ နောက်ဆုံးလူ ကပြောလေ သည်။
“ ခင်းဗျားနဲ့ တွေ့ရတာ ဂုဏ်ယူပါတယ်ဗျာ၊ ကျွန်တော် ကတော့ ဥာဏ်ရည် ရှစ်ဆယ့်ငါး ပဲရှိတယ်ဗျ”
“သိပ်ဟုတ်ပြီ ဗျို့ ” ဆိုကာ အိုင်စတိုင်းက ထိုလူအား လက်ဆွဲ နှုတ်ဆက် လိုက်ပြီး ပြောလေသည်။
“ကျွန်တော် ကိုပြောပြ စမ်းပါ၊ ဘဏ်အတိုးနှုန်းတွေ ဘယ်မှာ ပိုရသလဲ ဆိုတာကို။”
..........................xxxxxxxxxxx...............................
ိ ကံကောင်းတဲ့ နံပါတ် ၅
ဖရန့်ဆိုသူက နံပါတ် ၅ သည် သူ့အတွက် ကံကောင်း သည့် ဂဏာန်းဟု ယုံကြည်ထားလေသည်။ မေလ ၅ ရက်နေ့ တွင် သူ့ကို မွေးပြီး သားသမီး များမှာ လဲ ၅ ယောက် ရှိသည်။ သူ့၏ နေရပ်လိပ်စာ မှာလဲ ၅၅ လမ်း၊ အရှေ့ ပိုင်း၊ အိမ်နံပါတ် ၅၅၅ ဖြစ်လေသည်။ သူ၏ ၅၅ နှစ်မြောက် မွေးနေ့ တွင် မြင်းပြိုင်ပွဲ သို့ ရောက် ရှိသွား ရာ ပွဲစဉ် ၅ တွင် ပြိုင်မည့် မြင်းတစ်ကောင် ၏ အမည်မှာ “ပဉ္စမ” ဟု တွေ့ရသဖြင့် ပြိုင်ပွဲ မစမှီ ၅ မိနစ် အလို တွင် နံပါတ် ၅ တံခါးပေါက် သို့သွား ၍ “ပဉ္စမ” အမည်ရှိမြင်းကို ဒေါ်လာ ငါးထောင် ပုံလောင်း လိုက်လေ သည်။
ပြိုင်ပွဲတွင် မြင်းများ ပန်းဝင်လာကြရာ “ပဉ္စမ” မြင်းမှာ နံပါတ် ၅ နေရာမှ ပန်းဝင် သွားလေသည်။
..........................xxxxxxxxxxxxx..........................
ရေးသူ
Ba Lu Kyi
at
10:33
0
comments
Tuesday, 19 June 2007
China Town
ရေးသူ
Ba Lu Kyi
at
22:47
0
comments
Thursday, 14 June 2007
Art Country
အနုပညာ နဲ့ ပတ်သက်လျှင်ကြံကြံ ဖန်ဖန် တွေးခေါ် လုပ်ဆောင် တတ်သော အင်္ဂလန်သည် လုပ်ချ လိုက်ပြန်ပါ ပြီ။ မြို့ လယ်ခေါင် အဆောက်အဦး အမြင့် များပေါ်တွင် ရုပ်တု တွေ ထောင် ထားသည် မှာ သိပ်မကြာသေးပါ။ အနုပညာ သက်သက် ဖန်တီးထား ခြင်းသာ ဖြစ်သည် ဟု ဆိုပါသည်။ ဓါတ်ပုံ တွေမှာ သေချာ ကြည့်ပါ အဆောက်အဦး ပေါ်မှာ လူရုပ်တု တွေ တွေ့မြင်ရပါ မည်။ လမ်းပေါ်က ရုပ်တု တွေ ကတော့ လူတွေ ကိုယ်တိုင် သရုပ်ဆောင်ထား ခြင်းသာဖြစ်ပါတယ်။ ချားရဟတ် (London Eye) ပေါ်က တော့ ကနေ့ ရုပ်ရှင်ရုံတင် ထားသော Fantastic Four: Rise of the Sliver surfer ဇတ်ကားမှ Silver Surfer ဖြစ်ပါတယ်။ အလေးချိန်(၂)တန် ရှိသော ထိုအရုပ်ကို PVC ကုပ္မဏီ ပြုလုပ်ထားပြီး (၆) ရက်ကြာ အောင် တပ်ဆင်ခဲ့ ရပါတယ်။ ဒါဟာ ပထမဆုံး အကြိမ် လန်ဒန်အိုင်း ပေါ် ချိတ်ဆွဲ ပြသခွင့် ရခြင်းလဲ ဖြစ်ပါတယ်..ခင်ဗျာ။
ရေးသူ
Ba Lu Kyi
at
00:16
2
comments
